ဂန္ထ

by | Jun 9, 2022 | | 0 comments

သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် “လောဘ, ဒေါသ, ဒိဋ္ဌိ”တရားတို့ကို “ဂန္ထ”ဟု ခေါ်သည်။)

ဂေါတြဘု ၁

ဂေါတြဘု-ဟူသည် ကာမအနွယ်ကို လွှမ်းမိုးတတ်သော၊ ပုထုဇဉ်အနွယ်ကို ဖြတ်တတ်သော စိတ် ဖြစ်သည်။

ဂေါတြဘု ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

ဂန္ဓဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အနံ့။