ဂန္ထ

by | Jun 9, 2022 | ဂ | 0 comments

သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် “လောဘ, ဒေါသ, ဒိဋ္ဌိ”တရားတို့ကို “ဂန္ထ”ဟု ခေါ်သည်။)

ဂေါစရဂ္ဂါဟကရုပ်

အာရုံကို ယူတတ်သော ရုပ်များ။ (အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅-ပါးကိုပင် "ဂေါစရဂ္ဂါဟကရုပ်"ဟု ခေါ်သည်၊ သို့သော် ရုပ်သည်ကား အာရုံကိုမယူတတ်ပါ၊ စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ အာရုံကို ယူတတ်၏။ ထို့ကြောင့် စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ မုချအားဖြင့် ဂေါစရဂ္ဂါဟကဟု...

ဂေါတြဘု ၁

ဂေါတြဘု-ဟူသည် ကာမအနွယ်ကို လွှမ်းမိုးတတ်သော၊ ပုထုဇဉ်အနွယ်ကို ဖြတ်တတ်သော စိတ် ဖြစ်သည်။

ဂေါစရရုပ်

စက္ခုဝိညာဏ်-စသည်ငါးပါးတို့၏ ကျက်စားရာ အာရုံ ဖြစ်သော ရုပ်များ။

ဂတိနိမိတ်

လားရောက်ရမည့် ဘဝ၌ တွေ့ကြုံရမည့် အာရုံဟူသမျှကို "ဂတိနိမိတ်"ဟု ခေါ်သည် (ဂတိ- လားရာဂတိ၌ + နိမိတ္တ- တွေ့ကြုံထိုက်သော...