ဣဒံသစ္စာဘိနိဝေသကာယဂန္ထ ၁

by | Jun 9, 2022 | | 0 comments

အလွဲလွဲအမှားမှား ယူပြီးလျှင် “ငါ့အယူသာ မှန်သည်၊ ကျန်အယူအားလုံး အလွဲအမှားချည်း ဖြစ်သည်”ဟု လွန်လွန်ကဲကဲ စွဲလမ်းခြင်းသည် “ဣဒံသစ္စာဘိနိဝေသ”မည်၏။ (ဣဒံ= ဤ ငါ့အယူသာ + သစ္စံ= အမှန်ဟု + အဘိ= လွန်လွန်ကဲကဲ + နိဝေသ= နှလုံးသွင်းမှု, စွဲလမ်းမှု။) ထို ဣဒံသစ္စာဘိနိဝေသသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် ဣဒံသစ္စာဘိနိဝေသကာယဂန္ထ မည်၏။

ဣန္ဒြိယရုပ်

မြင်ခြင်း အစရှိသော မိမိတို့၏ ဆိုင်ရာကိစ္စ၌ အစိုးရသော(စိုးမိုးနိုင်သော )ရုပ်များ။

ဣဿာသံယောဇဉ် ၁

ငြူစူခြင်းဣဿာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဣဿာသံယောဇဉ်...

ဣန္ဒြိယသံဝရသီလ

"စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန" ၆-ပါးသော ဣန္ဒြေတို့ကို အကုသိုလ်မဖြစ်အောင် စောင့်စည်းခြင်းသည် "ဣန္ဒြိယသံဝရသီလ"...

ဣန္ဒြိယရုပ် ၈ ပါး

ပသာဒရုပ် ၅-ပါး၊ ဘာဝရုပ် ၂-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ ပေါင်း ၈-ပါး။ (ပသာဒရုပ် ၅-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဣဒ္ဓိဝိဓအဘိညာဉ်

ရုပ်သွင်ပုံစံ အမျိုးမျိုးဖန်ဆင်းခြင်းစသော တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်သော အဘိညာဉ်။