အာဟာရ ၄ ပါး

by | Jun 9, 2022 | အ | 0 comments

၁။ ကဗဠီကာရာဟာရ၊ ၂။ ဖဿာဟာရ၊ ၃။ မနောသဉ္စေတနာဟာရ၊ ၄။ ဝိညာဏာဟာရ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အနောတ္တပ္ပ

ဒုစရိုက် ပြုရန် မကြောက်ခြင်းသဘော၊ မလန့်ခြင်းသဘော။

အရူပ ၄ ဘုံ

၁။အာကာသာနဉ္စာယတနဘုံ၊ ၂။ဝိညာနဉ္စာယတနဘုံ ၃။အာကိဉ္စညာယတနဘုံ၊ ၄။နေဝသညာနာသညာယတနဘုံ။

အဝိဇ္ဇာ ၂

အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိက်။

အသုရကာယ်

မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ "အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း...