အာလောကကသိုဏ်း ကမ္မဋ္ဌာန်း

by | Jun 9, 2022 | အ | 0 comments

အရောင်အလင်း အဝိုင်းငယ်ကို (အရောင်အလင်း၊အရောင်အလင်း)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာလောကကသိုဏ်း ကမ္မဋ္ဌာန်း မည်၏။

အဟိတ်စိတ်

အဟိတ်စိတ်-ဟူသော ပုဒ်သည် အဟေတုက+စိတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်...

အကုသိုလ်မနောကံ ၃ ပါး

၁။ အဘိဇ္ဈာ၊ ၂။ ဗျာပါဒ၊ ၃။ မိစ္ဆာဒိဋ္ဌိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အသုရကာယ်

မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ "အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း...

အရူပါဝစရ ၄ ဘုံ

၁။ အာကာသာနဉ္စာယတနဘုံ၊ ၂။ ဝိညာဏဉ္စာယတနဘုံ၊ ၃။ အာကိဉ္စညာယတနဘုံ၊ ၄။ နေဝသညာနာသညာယတနဘုံ။