အာယုက္ခယမရဏ

by | Jun 9, 2022 | အ | 0 comments

အသက်တမ်းကုန်မှုကြောင့် စုတေခြင်း။

အလောဘ

မလိုချင် (မစုံမက်) ခြင်းသဘော။

အနိမိတ္တာနုပဿနာ

"အနိစ္စ"ဟု ရှုသော အနုပဿနာသည် ရုပ်-နာမ်အပေါင်းကို တစ်လုံးတစ်ခဲတည်း ပုံပန်းသဏ္ဌာန် အနေအားဖြင့် ထင်မှားမှုကို စွန့်လွှတ်နိုင်သောကြောင့် "အနိမိတ္တာနုပဿနာ" ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုးဖြစ်သည်၊ (အနိမိတ္တ= ပုံပန်းသဏ္ဌာန် မရှိဟု + အနုပဿနာ=...

အပ္ပဏိဟိတနိဗ္ဗာန်

ပူပူဆာဆာ တောင့်တတတ်သော တဏှာပဏိဓိ မရှိသောကြောင့် "အပ္ပဏိဟိတ နိဗ္ဗာန်" ဟု ခေါ်သည်။