အာဘဿရာ

by | Jun 9, 2022 | | 0 comments

လျှပ်စစ်ကဲ့သို့ တလျှပ်လျှပ် ကွန့်မြူးနေသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာများကို အာဘဿရာဟု ခေါ်သည်။

အာယုကပ်

ကာလအားလျော်စွာ သတ်မှတ်အပ်သော အသက်အပိုင်းအခြားသည် အာယုကပ်မည်၏၊ ဘုရားလက်ထက်တော်တုန်းက အသက်တစ်ရာတမ်းသည် အာယုကပ် ဖြစ်သည်၊ ယခုအခါ ခန့်မှန်းအပ်သော (၇၅) နှစ်တမ်းလည်း အာယုကပ်ပင် ဖြစ်သည်၊ ထိုကြောင့် ထိုထိုလူတို့ အသက်တမ်းကို အာယုကပ်ခေါ်သည်ဟု မှတ်ပါ၊ ထိုထိုဘုံ၌ သက်မှတ်ထားအပ်သော...

အပစာယန

အသက်, သိက္ခာ, ဂုဏ်ကြီးသူတို့အား အရိုအသေပြုမှု(လေးစားမှု)။

အာသဝ တရား ၄-ပါး

၁။ ကာမာသဝ၊ ၂။ ဘဝါသဝ၊ ၃။ ဒိဋ္ဌာသဝ၊ ၄။ အဝိဇ္ဇာသဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)