အဟောသိ ကံ

by | Jun 9, 2022 | အ | 0 comments

မည်သည့်အကျိုးမှ လုံးဝ ပေးမည်မဟုတ်သော ကံသည် “အဟောသိ ကံ” မည်၏။

အညသမာန်းစေတသိက်

အဆိုးအကောင်း (သောဘန၊အသောဘန) စိတ်နှစ်မျိုးလုံးနှင့် ယှဉ်တွဲဖြစ်သည့် စေတသိက်များ-

အဗျာပါဒ

ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း။

အာကာသ

ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောနှောရအောင် ပိုင်းခြားပေးတတ်သော အပေါက်အကြားကိုပင် "အာကာသ"ဟု ခေါ်သည်၊ ဤအာကာသသည် ပရမတ္ထအစစ် မဟုတ်၊ ရုပ်ကလာပ် ၂-ခု ဖြစ်ပေါ်လာသည့်အခါ အကြား၌ အလိုအလျောက် ပေါ်လာရသော ပညတ်သဘောမျှသာ...