အဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်

by | Jun 9, 2022 | | 0 comments

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် နှစ်မျိုးကို ပေါင်းစပ်၍ သိစေတတ်သော “မင်း+သား” စသော သဒ္ဒပညတ်။

အကုသိုလ်မနောကံ

ကိုယ်လည်းမလှုပ်, နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော အကုသိုလ်ကံ "အကုသိုလ်မနောကံ"မည်၏။

အာဟာရဇရုပ် ၁၂ ပါး

လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၂ ပါး ဖြစ်သည်။

အာကာသာနဉ္စာယတနဘုံ

အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

အာနာပါနဿတိ

ဝင်လေ ထွက်လေတို့ကို အာရုံပြု၍ဖြစ်သော သတိသည် အာနာပါနဿတိ မည်၏၊ ဝင်လေ ထွက်လေတို့ကို အာရုံပြု အမှတ်ရနေမှု...

အနောတ္တပ္ပ

ဒုစရိုက် ပြုရန် မကြောက်ခြင်းသဘော၊ မလန့်ခြင်းသဘော။