အရူပါဝစရကုသိုလ်စိတ်

by | Jun 9, 2022 | | 0 comments

အရူပဗြဟ္မာဘဝသို့ ရောက်စေနိုင်သော၊ အရူပဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေရခြင်းကို ဖြစ်စေနိုင်သော ကုသိုလ်စိတ်။

အဓိဋ္ဌာနဝသီဘော်

ပိုင်းခြားထားသော ကာလပတ်လုံး ဈာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလမတိုင်မီ ဘဝင်မကျအောင် တားဆီးထားနိုင်သော ဝသီဘော်...

အပစာယန

အသက်, သိက္ခာ, ဂုဏ်ကြီးသူတို့အား အရိုအသေပြုမှု(လေးစားမှု)။

အပ္ပဏိဟိတာနုပဿနာ

"ဒုက္ခ"ဟု ရှုသော ဝိပဿနာသည် တောင့်တတတ်သော တဏှာကို ပယ်ခွာနိုင်သောကြောင့် "အပ္ပဏိဟိတာနုပဿနာ"ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာလမ်းပေါက် (ဂိတ်ဝ) တစ်မျိုးဖြစ်သည်၊ (အပ္ပဏိဟိတ= တောင့်တဖွယ်မရှိဟု + အနုပဿနာ= ရှုတတ်သော...

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။

အနုသယ

သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသော ကိလေသာကို "အနုသယ"ဟု ခေါ်သည်။

အာသန္န ကံ

သေခါနီးကာလ၌ အောက်မေ့အပ်၊ ပြုအပ်သော ကံသည် "အာသန္န ကံ"မည်၏။