အရဟတ္တမဂ်

by | Jun 9, 2022 | အ | 0 comments

အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု ခေါ်သည်။

အရူပါဝစရကုသိုလ်ကံ

အရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ အရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။

အနိမိတ္တနိဗ္ဗာန်

အထည်ကိုယ် ပုံပန်းသဏ္ဌာန်မရှိပုံ အခြင်းအရာကို စွဲမှတ်၍ "အနိမိတ္တနိဗ္ဗာန်" ဟု ခေါ်သည်။

အနာဂါမိမဂ်

အနာဂါမိမဂ်-ဟူသော ဝေါဟာရသည် န+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ န+အာဂါမီ- (ဤကာမဘုံသို့) ပြန်မလာတော့ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ကာမဘုံ၌ တက်မက်မှှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိသန္ဓေ...

အပါယ် ၄ ဘုံ

၁။ ငရဲ၊ ၂။ တိရစ္ဆာန်၊ ၃။ ပြိတ္တာ၊ ၄။ အသုရကာယ်။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အာယတန

စိတ်, စေတသိက်တို့၏ ဖြစ်ကြောင်းတရား။