အမောဟ

by | Jun 9, 2022 | | 0 comments

အမောဟ-ဟူသည် ပညိန္ဒြေစေတသိက်ပင် ဖြစ်သည်။ တွေဝေတတ်သောသဘော၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် အမောဟစေတသိက်ဟု ခေါ်သည်။

အဓိပတိ

ဦးစီးခေါင်းဆောင် ဖြစ်သော တရား။

အရူပရာဂသံယောဇဉ် ၁

အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...

အနိစ္စာနုပဿနာ

သင်္ခါရတရားတို့ကို "အနိစ္စ, အနိစ္စ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " အနိစ္စာနုပဿနာ " ဟု ခေါ်သည်။

အကုသိုလ်မနောကံ ၃ ပါး

၁။ အဘိဇ္ဈာ၊ ၂။ ဗျာပါဒ၊ ၃။ မိစ္ဆာဒိဋ္ဌိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အဏ္ဍဇသတ္တဝါ

ဥခွံ၌ဖြစ်သော သတ္တဝါ၊ ကြက်, ငှက်-စသော သတ္တဝါမျိုး။

အနိဒဿနရုပ်

စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို "အနိဒဿနရုပ်"ဟု ခေါ်သည်။