အဘိဇ္ဈာကာယဂန္ထ ၁

by | Jun 9, 2022 | | 0 comments

အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်းသည် “အဘိဇ္ဈာ”မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးစည်းစိမ်ဥစ္စာကို မတရား လိုချင်သော လောဘကို အဘိဇ္ဈာ-ဟု ခေါ်သည်။၊ ဤ၌ကား လောဘဟူသမျှကိုပင် အဘိဇ္ဈာ-ဟု ခေါ်သည်။ (အဘိ-ရှေးရှု+ဈာ-ကြံစည်ခြင်း။) ထိုအဘိဇ္ဈာသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် အဘိဇ္ဈာကာယဂန္ထ မည်၏။

အာကာသာနဉ္စာယတန ကုသိုလ်ဈာန်စိတ်

(ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်းဖြစ်သော၊ အဆုံးမရှိသော၊ ကောင်းကင် (ဟင်းလင်းပြင်) ဟူသော အာရုံကို အာရုံပြုကာ ပွားများ၍ ဖြစ်ပေါ်လာသော...

အပ္ပမာဏသုဘာ

အတိုင်းအရှည်ပမာဏမရှိ တင့်တယ်သော ကိုယ်ရောင်ရှိသော ဗြဟ္မာများသည် အပ္ပမာဏသုဘာမည်ကုန်၏။

အဗျာကတဟိတ်

ဝိပါက် ကြိယာ ဗျာကတနှင့် ယှဉ်တွဲ၍ ဖြစ်သော ဟိတ်။

အပါယ် ၄ ဘုံ

၁။ ငရဲ၊ ၂။ တိရစ္ဆာန်၊ ၃။ ပြိတ္တာ၊ ၄။ အသုရကာယ်။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)