အဘိဇ္ဈာကာယဂန္ထ ၁

by | Jun 9, 2022 | အ | 0 comments

အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်းသည် “အဘိဇ္ဈာ”မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးစည်းစိမ်ဥစ္စာကို မတရား လိုချင်သော လောဘကို အဘိဇ္ဈာ-ဟု ခေါ်သည်။၊ ဤ၌ကား လောဘဟူသမျှကိုပင် အဘိဇ္ဈာ-ဟု ခေါ်သည်။ (အဘိ-ရှေးရှု+ဈာ-ကြံစည်ခြင်း။) ထိုအဘိဇ္ဈာသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် အဘိဇ္ဈာကာယဂန္ထ မည်၏။

အာဒီနဝဉာဏ်

ကြောက်မက်ဖွယ်ဘေးဟု ထင်မြင်ထားသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို အပြစ်မြင်သော ဉာဏ်။

အဝိဟာ

မိမိဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ ကမ္ဘာပေါင်းအတော်ကြာအောင် တည်နေကြသော ဗြဟ္မာများကို အဝိဟာဗြဟ္မာ-ဟု...

အာကာသာနဉ္စာယတနဘုံ

အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

အဘိညာဉ်

အထူး သိစွမ်းနိုင်သော ရူပါဝစရကုသိုလ်, ကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ကို "အဘိညာဉ်"ဟု ခေါ်သည်၊ ထိုဉာဏ်နှင့် ယှဉ်သောကြောင့် ပဉ္စမဈာန်ကိုလည်း "အဘိညာဉ်"ဟုပင် ခေါ်ရသည်။ ပါရမီထူးရှိသူများကား မဂ်ကိုရရုံ, ပဉ္စမဈာန်ကို ရရုံမျှဖြင့်ပင် အဘိညာဉ်ကို...

အာကာသာနဉ္စာယတန ကုသိုလ်ဈာန်စိတ်

(ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်းဖြစ်သော၊ အဆုံးမရှိသော၊ ကောင်းကင် (ဟင်းလင်းပြင်) ဟူသော အာရုံကို အာရုံပြုကာ ပွားများ၍ ဖြစ်ပေါ်လာသော...

အပ္ပမညာ

အတိုင်းအဆမရှိ များပြားသော သတ္တဝါတွေကို အာရုံပြု၍ ဖြစ်သော သဘောတရား။