အနိမိတ္တဝိမောက္ခ

by | Jun 9, 2022 | | 0 comments

နိစ္စနိမိတ်(မြဲသော ပုံရိပ်)-စသည် မရှိသည်ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ မည်၏။

အနုသယ

သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသော ကိလေသာကို "အနုသယ"ဟု ခေါ်သည်။

အနိမိတ္တာနုပဿနာ

"အနိစ္စ"ဟု ရှုသော အနုပဿနာသည် ရုပ်-နာမ်အပေါင်းကို တစ်လုံးတစ်ခဲတည်း ပုံပန်းသဏ္ဌာန် အနေအားဖြင့် ထင်မှားမှုကို စွန့်လွှတ်နိုင်သောကြောင့် "အနိမိတ္တာနုပဿနာ" ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုးဖြစ်သည်၊ (အနိမိတ္တ= ပုံပန်းသဏ္ဌာန် မရှိဟု + အနုပဿနာ=...

အကုသိုလ်စေတသိက်

အကုသိုလ်စိတ်တို့နှင့်သာ ထိုက်သလို ယှဉ်တွဲ၍ ဖြစ်သော စေတသိက်များ၊ စိတ်ဆိုးစိတ်ညစ်ကို ဖြစ်စေတတ်သော...

အကုသိုလ်ဝစီကံ

နှုတ်အမူအရာ၌ အဖြစ်များသော အကုသိုလ်ကံသည် 'အကုသိုလ်ဝစီကံ' မည်၏။

အနတ္တာနုပဿနာ

သင်္ခါရတရားတို့ကို "အနတ္တ အနတ္တ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " အနတ္တာနုပဿနာ" ဟု ခေါ်သည်။