အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် “အနာဂါမ်”ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း မထွက်တော့ပါ။
အပ္ပနာဇော
မဟဂ္ဂုတ်လောကုတ္တရာဇော (ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅၊ အရူပါဝစရကုသိုလ် ၄၊ အရူပါဝစရကြိယာ ၄၊ မဂ် ၄၊ ဖိုလ် ၄)၊ပေါင်း ၂၆ ပါးတို့သည် အပ္ပနာအမည်ရှိခြင်းကြောင့် ဇောကိစ္စကို ဆောင်ရွက်သည်ရှိသော် အပ္ပနာဇော-ဟု...