အနန္တရပစ္စည်းသည်ပင် အားကြီးသောအကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အနန္တရူပနိဿယ မည်၏။
အာယုကပ်
ကာလအားလျော်စွာ သတ်မှတ်အပ်သော အသက်အပိုင်းအခြားသည် အာယုကပ်မည်၏၊ ဘုရားလက်ထက်တော်တုန်းက အသက်တစ်ရာတမ်းသည် အာယုကပ် ဖြစ်သည်၊ ယခုအခါ ခန့်မှန်းအပ်သော (၇၅) နှစ်တမ်းလည်း အာယုကပ်ပင် ဖြစ်သည်၊ ထိုကြောင့် ထိုထိုလူတို့ အသက်တမ်းကို အာယုကပ်ခေါ်သည်ဟု မှတ်ပါ၊ ထိုထိုဘုံ၌ သက်မှတ်ထားအပ်သော...