အတိမဟန္တာရုံ

by | Jun 9, 2022 | အ | 0 comments

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) အလွန်များသော စိတ္တက္ခဏရှိသော အာရုံ၊ အာရုံသည် (မိမိ၏ သက်တမ်း) စိတ္တက္ခဏတစ်ချက် အလွန်မှာ ထင်လာသည်၊ ယင်းထင်လာသည်မှ စ၍ ရေတွက်လျှင် (ရူပါရုံသက်) စိတ္တက္ခဏ ၁၆-ချက်ခန့် ရှိသည်၊ အသက်အရှည်ဆုံး ဖြစ်သည်၊ ဤအာရုံထက် အသက်ရှည်သော အာရုံဟူ၍ မရှိတော့၊ ထို့ကြောင့် “အတိမဟန္တာရုံ”ဟူသော အမည်ကို ရသည်။

အနိစ္စ

သင်္ခါရတရားတို့၏ မမြဲခြင်းသဘောလက္ခဏာ။

အာဝဇ္ဇန်းကိစ္စ

အာရုံအသစ်ကို ဆင်ခြင်ခြင်း အလုပ်သည် အာဝဇ္ဇန်းကိစ္စ မည်၏၊ တစ်နည်း ဘဝင်အစဉ်ကို ပြန်လည်စေခြင်း(ရပ်တန့်စေခြင်း) အလုပ်သည် အာဝဇ္ဇန်းကိစ္စ...

အပ္ပမညာကမ္မဋ္ဌာန်း

ဤမျှသော သတ္တဝါကိုသာ အာရုံပြုသည်၊ ဤမျှသော သတ္တဝါကို အာရုံမပြု၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အာရုံပြုသည့်အခါမှာလည်း အထက်ပိုင်းကိုသာ အာရုံပြုသည်၊ အောက်ပိုင်းကို အာရုံမပြု၊ ဤသို့ စသည်ဖြင့် အရေအတွက်အားဖြင့်လည်း ပိုင်းခြားကန့်သတ်မှု မရှိ၊ ကိုယ်လက်အင်္ဂါ...

အပရာပရိယဝေဒနီယ ကံ

တတိယဘဝမှ စ၍ နိဗ္ဗာန်မရမီအတွင်း ဘဝတစ်ခုခု၌ အကျိုးပေးမည်ဖြစ်သော ကံသည် "အပရာပရိယဝေဒနီယ ကံ" မည်၏။ထိုကံသည် အလယ်ဇော ၅-ချက်စေတနာ...

အဘိညာဉ်

အထူး သိစွမ်းနိုင်သော ရူပါဝစရကုသိုလ်, ကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ကို "အဘိညာဉ်"ဟု ခေါ်သည်၊ ထိုဉာဏ်နှင့် ယှဉ်သောကြောင့် ပဉ္စမဈာန်ကိုလည်း "အဘိညာဉ်"ဟုပင် ခေါ်ရသည်။ ပါရမီထူးရှိသူများကား မဂ်ကိုရရုံ, ပဉ္စမဈာန်ကို ရရုံမျှဖြင့်ပင် အဘိညာဉ်ကို...

အနုလုံ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။