(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) အလွန်နည်းသော စိတ္တက္ခဏရှိသော အာရုံ။
အနာဂါမ်
အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် "အနာဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း...