ဟဒယဝတ္ထုသည် “ဟဒယရုပ်”မည်၏၊ သားမြတ်နှစ်ခုအလယ် နှလုံးအိမ်အတွင်း၌ ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်ရှိ၏၊ ထိုတွင်းငယ်အတွင်း သွေးများစွာ ရှိ၏၊ ထိုသွေးများကို ပြန့်နှံ့လျက် ဟဒယဝတ္ထုရုပ်ပေါင်း များစွာ ရှိ၏။ ဆိုင်ရာ စိတ် စေတသိက်များ၏ မှီရာဖြစ်သောကြောင့် ဝတ္ထုရုပ်-ဟုလည်း ခေါ်သည်။ ဤရုပ်ကို အမှီပြု၍ ကောင်းကျိုးဆိုးကျိုးကို ပြည့်စုံစေနိုင်သောကြောင့် ဟဒယရုပ်ဟုလည်း ခေါ်သည်။
ဟိတ် ၆ ပါး
လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)