ဟိတ်သည် ရေသောက်မြစ်နှင့် တူ၏၊ ရေသောက်မြစ်သည် မိမိနှင့် တကွဖြစ်သော သစ်ပင်ကို စည်ပင်စေရန် ခိုင်မြဲစေရန် ကူညီ ထောက်ပံ့သကဲ့သို့ ထို့အတူ မိမိနှင့် အတူတကွဖြစ်ကြသော ရုပ်တရား, နာမ်တရားတို့ကို ခိုင်မာစေ, ပြန့်ပွားစေဖို့ရန် ထောက်ကူသမှု ကျေးဇူးပြုတတ်သော တရားသည် ဟိတ် မည်၏။
ဟေတုပစ္စယော
အရင်းအမြစ်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။ (ဟေတု= အရင်းအမြစ်၊ ပစ္စည်း= ပစ္စယ= ကျေးဇူးပြုတတ်သော...
