အသတ်ခံထားအပ်သည့်ပြင် အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် ခုတ်ဖြတ်လျက် ထိုထိုအရပ်သို့ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်ကို “အသတ်ခံထားအပ်သည့်ပြင် ထိုထိုအရပ်သို့ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်၊ အသတ်ခံထားအပ်သည့်ပြင် ထိုထိုအရပ်သို့ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဟတဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း မည်၏။
ဟဒယရုပ်
ဟဒယဝတ္ထုသည် "ဟဒယရုပ်"မည်၏၊ သားမြတ်နှစ်ခုအလယ် နှလုံးအိမ်အတွင်း၌ ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်ရှိ၏၊ ထိုတွင်းငယ်အတွင်း သွေးများစွာ ရှိ၏၊ ထိုသွေးများကို ပြန့်နှံ့လျက် ဟဒယဝတ္ထုရုပ်ပေါင်း များစွာ ရှိ၏။ ဆိုင်ရာ စိတ် စေတသိက်များ၏ မှီရာဖြစ်သောကြောင့် ဝတ္ထုရုပ်-ဟုလည်း...