ကိလေသဝဋ် ၁

by | Sep 9, 2022 | က | 0 comments

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကိလေသာလည်းဖြစ်၊ သံသရာ၌ ချာချာလည်စေတတ်သော ဝဋ်လည်းဖြစ်သော တရားကို ကိလေသဝဋ်ဟု ခေါ်သည်။

ကမ္မဋ္ဌာန်း

ဘာဝနာအလုပ်သည်ပင် တရားထူးကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း= ဘာဝနာအလုပ်၌ တည်ခြင်း, ဘာဝနာအလုပ်ကို အားထုတ်ခြင်း, အဖန်ဖန် ရှုမှတ်ခြင်းသည် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း သမထဘာဝနာအလုပ် ဝိပဿနာဘာဝနာအလုပ်၏ ဖြစ်ရာ ကသိုဏ်းစသော အာရုံ၊ သင်္ခါရအာရုံသည်...

ကမ္မဘဝ ၁

ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...

ကမ္မပစ္စယော

ကံ (စိတ်၏ ကြောင့်ကြစိုက်မှု အမူအရာ) အဖြစ်ဖြင့် ကျေးဇူးပြု တတ်သော တရား။

ကာယမုဒုတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ နူးညံ့ခြင်းသဘော။