သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်

by | Jun 9, 2022 | | 0 comments

သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ သကဒါဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို “သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ သောတာပတ္တိမဂ်စိတ် ဖြစ်ပြီးနောက် သကဒါဂါမိမဂ်မဖြစ်မီ အတွင်းကို သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ သကဒါဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင်ဟု ဆိုခြင်းဖြစ်သည်။

သင်္ခါရ ၃ ပါး

၁။ပုညာဘိသင်္ခါရ၊၂။အပုညာဘိသင်္ခါရ၊၃။အာနေဉ္ဇာဘိသင်္ခါရ။

သောက ၂

ဒေါသမူဒွေး၌ရှိသော ဒေါမနဿဝေဒနာ။

သီလဗ္ဗတုပါဒါန် ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်"ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို " သီလဗ္ဗတုပါဒါန် "ဟု...