သောတဝိညာဏ် ဒွေး ၁

by | Jun 9, 2022 | သ | 0 comments

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် သောဝိညာဏ် ဒွေးဟူသည် သောတဝိညာဏ် ၂ ပါး-ဟု ဆိုလိုသည်။

သဥပါဒိသေသနိဗ္ဗာနဓာတ်

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် မချုပ်သေးခင် (ပရိနိဗ္ဗာန် မဝင်စံခင်) အာရုံပြုအပ်သော နိဗ္ဗာန်သည် "သဥပါဒိသေသ နိဗ္ဗာနဓာတ်" မည်၏၊ (သ= ရှိသည် + ဥပါဒိ= ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် + သေသ=ကိလေသာတို့မှ...

သဒ္ဒပညတ်

အထူးအပြားအားဖြင့် သိစေတတ်သော အသံ သဒ္ဒါအသုံးအနှုန်းသည် သဒ္ဒပညတ်မည်၏။

သောတာပတ္တိမဂ်

သောတာပတ္တိမဂ်-ဟူသော ဝေါဟာရသည် သောတ+အာပတ္တိ+မဂ္ဂ-ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့၊ အာပတ္တိ= ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤ၌ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ သမ္မာဒိဋ္ဌိ-စသော...

သီလဗ္ဗတပရာမာသကာယဂန္ထ ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်"ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို "သီလဗ္ဗတပရာမာသ"ဟု ခေါ်သည်၊ (သီလ-နွား, ခွေး-စသည်တို့၏ အလေ့+ဝတ-နွား, ခွေး-စသည်တို့၏ အကျင့်+ပရ-မှားမှားယွင်းယွင်း+အာမာသ-သုံးသပ်...