ကိစ္စ

by | Jun 9, 2022 | က | 0 comments

လူတို့၏ လုပ်ငန်းကို “ကိစ္စ” ခေါ်၍ အလုပ်ရုံကို “ဌာန” ခေါ်သကဲ့သို့ ထို့အတူ စိတ်တည်းဟူသော ပရမတ္ထတရား၏ ပဋိသန္ဓိ (ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်း)စသော အခြင်းအရာ လုပ်ငန်း အရပ်ရပ်ကို “ကိစ္စ”ဟု ခေါ်သည်။

ကိစ္စ ၁၄ ပါး

၁။ပဋိသန္ဓေကိစ္စ၊၂။ဘဝင်ကိစ္စ၊၃။ အာဝဇ္ဇန်းကိစ္စ၊ ၄။ဒဿနကိစ္စ၊ ၅။သဝနကိစ္စ၊ ၆။ဃာယနကိစ္စ၊ ၇။သာယနကိစ္စ၊ ၈။ဖုသနကိစ္စ၊ ၉။သမ္ပဋိစ္ဆိုန်းကိစ္စ၊ ၁၀။သန္တီရဏကိစ္စ၊၁၁။ ဝုေဋ္ဌာကိစ္စ၊၁၂။ဇောကိစ္စ၊ ၁၃။တဒါရုံကိစ္စ၊၁၄။စုတိကိစ္စ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကပ်

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊...

ကာယုဇုကတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်းသဘော။