သောတဒွါရဃာနဒွါရ

by | Jun 9, 2022 | သ | 0 comments

နားအကြည်ဓာတ်သည် “သောတဒွါရ” မည်၏။နှာခေါင်း အကြည်ဓာတ်သည် “ဃာနဒွါရ”မည်၏။

သလက္ခဏရုပ်

"အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ" အစရှိသော အများဆိုင်ရာလက္ခဏာ ရှိသော ရုပ်များ။

သမ္မာကမ္မန္တ ၂

"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာကမ္မန္တ စေတသိက်။

သဒ္ဒပညတ်

အထူးအပြားအားဖြင့် သိစေတတ်သော အသံ သဒ္ဒါအသုံးအနှုန်းသည် သဒ္ဒပညတ်မည်၏။