ကံအာရုံ

by | Jun 9, 2022 | က | 0 comments

ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကံသည်ပင်လျှင် မိမိကို အသစ်ပြုပြင်သည်၏ အစွမ်းဖြင့် (ယခုလက်တလော ပြုနေရသလို) စိတ်အာရုံ၌ ပေါ်လွင်ထင်လာတတ်သည်။ ၎င်းကို ကံအာရုံဟု ခေါ်သည်။

ကောလံကောလသောတာပန်

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ...

ကာယဝိညာဏ် ဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဇိဝှါဝိညာဏ် ဒွေးဟူသည် ဇိဝှါဝိညာဏ် ၂ ပါး-ဟု...

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကာမတဏှာ ၁

အာရုံ ၆-ပါးကို သာယာတပ်မက်သော တဏှာသည် "ကာမတဏှာ" မည်၏။

ကမ္မဇကလာပ် ၉ စည်း

၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။...