ဥပေက္ခာ ဘာဝနာ

by | Jun 9, 2022 | | 0 comments

သတ္တဝါဆိုသူကို အာရုံပြု၍ လျစ်လှူရှုခြင်းသဘော (ချစ်ခင်ဝမ်းသာ သနားကြင်နာမှု မပြုဘဲ သင့်တင့်အောင် ရှုတတ်သော သဘော)သည် “ဥပေက္ခာ” မည်၏၊ တရားကိုယ် (အရင်းခံ သဘောတရား)မှာ တတြမဇ္ဈတ္တတာစေတသိက်ဖြစ်သည်၊ သို့သော် တတြမဇ္ဈတ္တတာမှန်သမျှကိုမူ “ဥပေက္ခာ”ဟု ခေါ်သည်တော့ မဟုတ်ပါ။(ထိုဥပေက္ခာကို အဖန်ဖန်ပွားများခြင်းသည် ဥပေက္ခာဘာဝနာဖြစ်သည်)။

ဥပစ္ဆေဒကမရဏ

ကပ်၍ ဖြတ်တတ်သော ကံတစ်မျိုးမျိုးကြောင့် စုတေခြင်း။

ဥပါယာသ ၁

သောကပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင် ရှိုက်ကြီးတငင်ဖြစ်ကာ အတွင်းဆွေးဆွေးခြင်းသည် "ဥပါယာသ"...

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပါယာသ ၂

ဒေါသမူဒွေး၌ယှဉ်သော ဒေါသစေတသိက်။

ဥပနိဿယပစ္စယော

အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။