ဥပါဒ်ခဏ

by | Jun 9, 2022 | | 0 comments

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပလဘိတဗ္ဗဂတိနိမိတ်

တိုက်ရိုက် ရောက်ထိုက်သော အရပ်ကို "ဥပလဘိတဗ္ဗ"ဟု ခေါ်သည်၊ လူ့ဘုံသွားမည့်သူဖြစ်လျှင် အမိဝမ်းရေ, ငရဲပြည်သွားမည့်သူဖြစ်လျှင် ငရဲဘုံ, ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တော တောင်စသည်, နတ်ပြည် သွားမည့်သူဖြစ်လျှင် နတ်ဗိမာန်-...

ဥပစာရဘာဝနာ

ရွာ၏ ဥပစာ အစရှိသည်တို့ကဲ့သို့ အပ္ပနာဘာဝနာ၏ အနီး၌ ဖြစ်လေ့ရှိသော ဘာဝနာသည် ဥပစာရဘာဝနာ မည်၏၊ နီဝရဏတို့ကို ခွာနိုင်ရာအခါမှ စ၍ ဂေါတြဘုအဆုံးရှိသော ကာမာဝစရဘာဝနာ...

ဥပပတ္တိဘဝ ၂

ကံကြောင့်ဖြစ်သော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များ။

ဥပနိဿယပစ္စယော

အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။