ဥပသမာနုဿတိ

by | Jun 9, 2022 | | 0 comments

သင်္ခါရအားလုံး ငြိမ်းရာနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဥပသမာနုဿတိ မည်၏၊ နိဗ္ဗာန်ကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥပဘောဂဂတိနိမိတ်

ထိုထိုဘုံဘဝ၌ တွေ့ကြုံရမည့် အတွင်း, အပ အသုံးအဆောင် အခြံအရံများကို "ဥပဘောဂ"ဟု ခေါ်သည်၊ ခွေး, ကျီး, ငရဲမီးလျှံ, နတ်သီ္မး, နတ်သား, ပဒေသာပင် -...

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥတုဇကလာပ် ၄ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ သဒ္ဒနဝကကလာပ်၊ ၃။လဟုတာဒေကာဒသကကလာပ်၊ ၄။သဒ္ဒလဟုတာဒိဒွါဒသကကလာပ်။( ဥတုဇကလာပ် ၄ စည်းဥတုဇရုပ် ၁၃ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော်...