ရွာ၏ ဥပစာ အစရှိသည်တို့ကဲ့သို့ အပ္ပနာဘာဝနာ၏ အနီး၌ ဖြစ်လေ့ရှိသော ဘာဝနာသည် ဥပစာရဘာဝနာ မည်၏၊ နီဝရဏတို့ကို ခွာနိုင်ရာအခါမှ စ၍ ဂေါတြဘုအဆုံးရှိသော ကာမာဝစရဘာဝနာ ဖြစ်သည်။
ဥပါဒါန် ၂
လောဘနှင့် ဒိဋ္ဌိစေတသိက်။
ရွာ၏ ဥပစာ အစရှိသည်တို့ကဲ့သို့ အပ္ပနာဘာဝနာ၏ အနီး၌ ဖြစ်လေ့ရှိသော ဘာဝနာသည် ဥပစာရဘာဝနာ မည်၏၊ နီဝရဏတို့ကို ခွာနိုင်ရာအခါမှ စ၍ ဂေါတြဘုအဆုံးရှိသော ကာမာဝစရဘာဝနာ ဖြစ်သည်။
လောဘနှင့် ဒိဋ္ဌိစေတသိက်။
လျစ်လျူရှုခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။
ဈာန် မဂ်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကုသိုလ်ဇော, ဈာန်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကြိယာဇောတို့သည် ဉာဏ်နှင့်ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈-ပါးတို့တွင် တစ်ပါးပါးကသာ ပရိကံ ဥပစာ...
ပကတူပနိဿယ အာရမ္မဏူပနိဿယ အနန္တရူပနိဿယ။
တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...
ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...