ဥဒ္ဓစ္စသံယောဇဉ် ၁

by | Jun 9, 2022 | | 0 comments

မတည်ငြိမ် ပျံ့လွင့်ခြင်းသဘောရှိသော ဥဒ္ဓစ္စသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဥဒ္ဓစ္စသံယောဇဉ် မည်၏။

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...

ဥပစာရသမာဓိဇော မုချ မည်သော တရား

ဈာန် မဂ်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကုသိုလ်ဇော, ဈာန်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကြိယာဇောတို့သည် ဉာဏ်နှင့်ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈-ပါးတို့တွင် တစ်ပါးပါးကသာ ပရိကံ ဥပစာ...

ဥပစာရသမာဓိဇော

ဥပစာရ= ဈာန် မဂ် ဖိုလ်တို့၏ အနီး၌ ဖြစ်သော၊ သမာဓိ= တည်ကြည်သော၊ ဇော-ဇောစိတ်များ။

ဥပစာ ၁

ဥပစာ-ဟူသည် ဈာန်၏အနီး၌ဖြစ်သော စိတ် ဖြစ်သည်၊ အပ္ပနာဟူသော ဈာန်၏ အနီး၌ ဖြစ်တတ်သော စိတ်သည် ဥပစာမည်၏။