ဥတုဇရုပ် ၁၃ ပါး

by | Jun 9, 2022 | | 0 comments

သဒ္ဒရုပ် ၁၊ လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၃ ပါး။

ဥပါဒါနက္ခန္ဓာ

ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော လောကီခန္ဓာကို ဥပါဒါနက္ခန္ဓာ-ဟု ခေါ်သည်။

ဥပစ္ဆေဒကမရဏ

ကပ်၍ ဖြတ်တတ်သော ကံတစ်မျိုးမျိုးကြောင့် စုတေခြင်း။

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပနိဿယပစ္စယော

အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။