မနောဒွါရိကကုသိုလ်ဇောစိတ်ဖြင့် မှန်းဆ၍ ယူအပ်သော အာရုံ(ပုံရိပ်)ကို “ဥဂ္ဂဟနိမိတ်”ဟု ခေါ်သည်၊ ဤဥဂ္ဂဟနိမိတ်ကိုလည်း ပရိကမ္မဘာဝနာကပင် အာရုံပြုပါသည်။ မျက်စိမှိတ်ထားသော်လည်း အာရုံယူက ပကတိမျက်စိဖြင့် ကြည့်နေရသလို ထင်မြင်လာသော အာရုံမျိုးပင် ဖြစ်သည်။
ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း
ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်ကို "ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်’’ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း...