အာဟာရရုပ်

by | Jun 9, 2022 | | 0 comments

အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် “အာဟာရရုပ်”မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ “အာဟာရရုပ်”ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် “ဩဇာ”ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို ခိုင်စေခြင်းလက္ခဏာရှိ၏။

အဗျာကတဟိတ်

ဝိပါက် ကြိယာ ဗျာကတနှင့် ယှဉ်တွဲ၍ ဖြစ်သော ဟိတ်။

အရဟတ္တမဂ်

အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု...

အကုသလကမ္မပထတရား ၁၀ ပါး

အကုသိုလ်ကာယကံ ၃ ပါး၊ အကုသိုလ်ဝစီကံ ၄ ပါး၊ အကုသိုလ်မနောကံ ၃ ပါး၊ပေါင်း ၁၀ ပါး။ (အကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...