အာဟာရဇကလာပ် ၂ စည်း

by | Jun 9, 2022 | | 0 comments

၁။သုဒ္ဓဋ္ဌကကလာပ်၊ ၂။လဟုတာဒေကာဒသကကလာပ်။ (အာဟာရဇရုပ် ၁၂ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု ခေါ်သည်။)

အဝိဇ္ဇာသံယောဇဉ် ၁

ဉာဏ်၏ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အဝိဇ္ဇာသံယောဇဉ်...

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။

အာသဝ တရား ၄-ပါး

၁။ ကာမာသဝ၊ ၂။ ဘဝါသဝ၊ ၃။ ဒိဋ္ဌာသဝ၊ ၄။ အဝိဇ္ဇာသဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အနန္တရပစ္စယော

အခြားမဲ့ (ကာလမခြားဘဲ ဆက်တိုက်)အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။