အာကာသာနဉ္စာယတန-ဟူသော ပုဒ်သည် အာကာသ+အာနဉ္စ+အာယတန-ဟူသော ပုဒ်တို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကာသ= ကောင်းကင်း (ဟင်းလင်းပြင်) ဟူသော အာရုံ၊ အာနဉ္စ= အဆုံးမရှိ၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟု တစ်လုံးချင်း အဓိပ္ပါယ် ရှိ၏။ ထိုသုံးပုဒ်ပေါင်း၏ တိုက်ရိုက်အဓိပ္ပါယ်မှာ (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်းဖြစ်သော၊ အဆုံးမရှိသော၊ ကောင်းကင် (ဟင်းလင်းပြင်) ဟူသော အာရုံ-ဟုသာ ဖြစ်၏။
အရဟတ္တမဂ်စိတ်
အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။