အဝိဇ္ဇောဃ ၁

by | Jun 9, 2022 | | 0 comments

သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့် အဝိဇ္ဇောဃမည်၏။

အာသဝ တရား ၄-ပါး

၁။ ကာမာသဝ၊ ၂။ ဘဝါသဝ၊ ၃။ ဒိဋ္ဌာသဝ၊ ၄။ အဝိဇ္ဇာသဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အာကာသ

ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောနှောရအောင် ပိုင်းခြားပေးတတ်သော အပေါက်အကြားကိုပင် "အာကာသ"ဟု ခေါ်သည်၊ ဤအာကာသသည် ပရမတ္ထအစစ် မဟုတ်၊ ရုပ်ကလာပ် ၂-ခု ဖြစ်ပေါ်လာသည့်အခါ အကြား၌ အလိုအလျောက် ပေါ်လာရသော ပညတ်သဘောမျှသာ...

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။

အညိန္ဒြေ ၂

အထက်မဂ် ၃-ခု, အောက်ဖိုလ် ၃-ခု၌ရှိသော ပညာစေတသိက်။

အရူပါဝစရ ၄ ဘုံ

၁။ အာကာသာနဉ္စာယတနဘုံ၊ ၂။ ဝိညာဏဉ္စာယတနဘုံ၊ ၃။ အာကိဉ္စညာယတနဘုံ၊ ၄။ နေဝသညာနာသညာယတနဘုံ။

အနိဒဿနရုပ်

စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို "အနိဒဿနရုပ်"ဟု ခေါ်သည်။