အဝိဇ္ဇာ ၁

by | Jun 9, 2022 | | 0 comments

သိသင့်သိထိုက်သော အရာဌာနကို မသိတတ်သော, မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သော တရားသည် “အဝိဇ္ဇာ” မည်၏၊ ထို အဝိဇ္ဇာမည်သော မောဟသည် သစ္စာ ၄-ပါးကိုလည်း မသိအောင် ဖုံးလွှမ်းတတ်သည်၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစု၊ အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့ အစု၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစုနှင့် အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့၊ ဤတရား ၃-မျိုးကိုလည်း မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သည်၊ ပဋိစ္စသမုပ္ပါဒ်တရားသဘောကိုလည်း မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သည်။ ဤ ၈-ဌာနတို့နှင့် စပ်လျဉ်း၍ မသိမြင်ခြင်းမျိုးကိုသာ “အဝိဇ္ဇာ”ဟု ခေါ်ရသည်၊ ဉာဏ်ကြီးရှင်တို့၏ အရာဖြစ်သော အချက်အလက်များကို ပိုင်ပိုင်နိုင်နိုင် မသိခြင်းမှာ “အဝိဇ္ဇာ” မဟုတ်ပါ။

အာဟာရ

မိမိဆိုင်ရာအကျိုးကို ဖြစ်စေနိုင်ကြသည့် အဇ္ဈတ္တခန္ဓာစဉ်မှာ အလွန်ကျေးဇူး များသော တရားကို အာဟာရ...

အာဟာရဇရုပ် ၁၂ ပါး

လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၂ ပါး ဖြစ်သည်။

အဗျာပါဒ

ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း။

အဝိဇ္ဇာနီဝရဏ ၁

ညာဏ်၏ဆန့်ကျင်ဘက်မောဟသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ် ပိတ်ပင်တတ်သောကြောင့် အဝိဇ္ဇာနီဝရဏ...

အကနိဋ္ဌာ

စည်းစိမ်ချမ်းသာလွန်စွာကြီးသဖြင့် သေးငယ်သော သဘောမရှိ၊ အလွန်အထက်တန်းကျသော ဗြဟ္မာများ။