အရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ အရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။
အရူပရာဂသံယောဇဉ် ၁
အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...