အရဟတ္တမဂ္ဂါနန္တရဖိုလ်မှ စ၍ ပစ္ဆိမ (နောက်ဆုံး) စိတ်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို “အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။
အပ္ပနာ မည်သော တရားများ
အပ္ပနာဟူသည် ဝိတက်စေတသိက်၏ အမည် ဖြစ်သည်။ ဝိတက်သည် ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သောကြောင့် အပ္ပနာဟူသော အမည်ကို ရသည်။ ပဌမဈာန်နှင့် ယှဉ်သော စိတ်တို့သည်လည်း ဝိတက်နှင့် အတူယှဉ်တွဲဖြစ်သောကြောင့် အပ္ပနာအမည်ကို ရသည်။ သဒိသူပစာအားဖြင့် ဒုတိယဈာန်-စသည်တို့သည်လည်း ပထမဈာန်နှင့်...