အမောဟစေတသိက်

by | Jun 9, 2022 | | 0 comments

ပညိန္ဒြေစေတသိက်ပင် ဖြစ်သည်။

အတိမဟန္တာရုံ

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) အလွန်များသော စိတ္တက္ခဏရှိသော အာရုံ၊ အာရုံသည် (မိမိ၏ သက်တမ်း) စိတ္တက္ခဏတစ်ချက် အလွန်မှာ ထင်လာသည်၊ ယင်းထင်လာသည်မှ စ၍ ရေတွက်လျှင် (ရူပါရုံသက်) စိတ္တက္ခဏ ၁၆-ချက်ခန့် ရှိသည်၊ အသက်အရှည်ဆုံး ဖြစ်သည်၊ ဤအာရုံထက်...

အပ္ပမညာကမ္မဋ္ဌာန်း

ဤမျှသော သတ္တဝါကိုသာ အာရုံပြုသည်၊ ဤမျှသော သတ္တဝါကို အာရုံမပြု၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အာရုံပြုသည့်အခါမှာလည်း အထက်ပိုင်းကိုသာ အာရုံပြုသည်၊ အောက်ပိုင်းကို အာရုံမပြု၊ ဤသို့ စသည်ဖြင့် အရေအတွက်အားဖြင့်လည်း ပိုင်းခြားကန့်သတ်မှု မရှိ၊ ကိုယ်လက်အင်္ဂါ...

အပ္ပနာဇော

မဟဂ္ဂုတ်လောကုတ္တရာဇော (ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅၊ အရူပါဝစရကုသိုလ် ၄၊ အရူပါဝစရကြိယာ ၄၊ မဂ် ၄၊ ဖိုလ် ၄)၊ပေါင်း ၂၆ ပါးတို့သည် အပ္ပနာအမည်ရှိခြင်းကြောင့် ဇောကိစ္စကို ဆောင်ရွက်သည်ရှိသော် အပ္ပနာဇော-ဟု...

အဝိဇ္ဇမာနဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒြပ်ကို နှစ်မျိုးပေါင်းစပ်၍ သိစေတတ်သော "မိန်းမ+အသံ" စသော...

အဟိရိက

ဒုစရိုက် ပြုရန် မရှက်ခြင်းသဘော၊ မစက်ဆုပ်ခြင်းသဘော။

အာဟာရေ ပဋိကူလသညာ

စားစရာ သောက်စရာဖြစ်သော အစာအာဟာရ၌ "စက်ဆုပ်ဖွယ်"ဟု ထင်မှတ်လာအောင် ရှုတတ်သော သညာကို "အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း"ဟု...