အဘိဓမ္မာ

by | Jun 9, 2022 | | 0 comments

ဝိနည်းပိဋက နှင့် သုတ္တန်ပိဋကတို့ထက် ထူးကဲသော တရား(အဘိ-ထူးကဲသော၊ဓမ္မ-တရား)

အန္တရကပ်

အသင်္ချေယျတမ်းမှ တဖြည်းဖြည်းဆုတ်၍ (၁၀) နှစ်တမ်းတိုင်အောင်, (၁၀) နှစ်တမ်းမှ တရွေ့ရွေ့သက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ် တစ်စုံသည် ‘‘အန္တရကပ်’’ မည်၏၊ [အန္တရ=အသင်္ချေယျသက်တမ်းဟူသော အာယုကပ်နှစ်ခု၏ အကြားဖြစ်သော + ကပ္ပ=...

အသုဘ

"အသုဘ"သဒ္ဒါသည် "မတင့်မတယ်"ဟူသော အနက်ကို ဟောသည်၊ ဤနေရာ၌ကား သေပြီးသည့်နောက် ကိုယ်ခန္ဓာနှင့် စပ်၍ အမျိုးမျိုး ပေါ်ပေါက်လာတတ်သော မတင့်တယ်သော ပုံပန်းသဏ္ဌာန်အမျိုးမျိုးကို "အသုဘ"ဟု...

အရူပါဝစရကုသိုလ်ကံ

အရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ အရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။

အပ္ပမာဏာဘာ

အတိုင်းအရှည်ပမာဏမပြနိုင်လောက်အောင် ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာသည် အပ္ပမာဏာဘာ မည်၏။