အဘိညာဉ် ၂ ပါး၂

by | Jun 9, 2022 | | 0 comments

၁။ ရူပါဝစရကုသိုလ်ပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်၊ ၂။ ရူပါဝစရကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်။

အရိယာ ၈-ယောက်

မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄ ယောက်၊ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄ ယောက်၊ပေါင်း ဂ ယောက်။

အဘိဇ္ဈာ

သူတစ်ပါးစည်းစိမ်ကို မတရား ရယူရန် ကြံစည်ခြင်း။

အာယုကပ်

ကာလအားလျော်စွာ သတ်မှတ်အပ်သော အသက်အပိုင်းအခြားသည် အာယုကပ်မည်၏၊ ဘုရားလက်ထက်တော်တုန်းက အသက်တစ်ရာတမ်းသည် အာယုကပ် ဖြစ်သည်၊ ယခုအခါ ခန့်မှန်းအပ်သော (၇၅) နှစ်တမ်းလည်း အာယုကပ်ပင် ဖြစ်သည်၊ ထိုကြောင့် ထိုထိုလူတို့ အသက်တမ်းကို အာယုကပ်ခေါ်သည်ဟု မှတ်ပါ၊ ထိုထိုဘုံ၌ သက်မှတ်ထားအပ်သော...

အတပ္ပာ

မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အေးမြသော ဗြဟ္မာများ။

အပ္ပနာ

ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သော တရား။