အထူး သိစွမ်းနိုင်သော ရူပါဝစရကုသိုလ်, ကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ကို “အဘိညာဉ်”ဟု ခေါ်သည်၊ ထိုဉာဏ်နှင့် ယှဉ်သောကြောင့် ပဉ္စမဈာန်ကိုလည်း “အဘိညာဉ်”ဟုပင် ခေါ်ရသည်။ ပါရမီထူးရှိသူများကား မဂ်ကိုရရုံ, ပဉ္စမဈာန်ကို ရရုံမျှဖြင့်ပင် အဘိညာဉ်ကို ရနိုင်ကြသည်။
အကုသိုလ်စိတ်
အပြစ်ရှိသော စိတ်၊ မကောင်းသော အကျိုးကို ပေးသော စိတ်