အပ္ပဋိဃရုပ် ၁၆ ပါး

by | Jun 9, 2022 | | 0 comments

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။ (မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အဝိဇ္ဇာသံယောဇဉ် ၁

ဉာဏ်၏ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အဝိဇ္ဇာသံယောဇဉ်...

အဏ္ဍဇသတ္တဝါ

ဥခွံ၌ဖြစ်သော သတ္တဝါ၊ ကြက်, ငှက်-စသော သတ္တဝါမျိုး။

အာသဝက္ခယအဘိညာဉ်

အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်ကို "အာသဝက္ခယအဘိညာဉ်"ဟု ခေါ်သည်။

အနိစ္စ

သင်္ခါရတရားတို့၏ မမြဲခြင်းသဘောလက္ခဏာ။