ကောင်းမှုဟု သမုတ်အပ်သော ကုသိုလ်မှ များသောအားဖြင့် ကင်းရာဖြစ်သောကြောင့် အပါယ် မည်၏။ ထိုအပါယ်သည် သတ္တဝါတို့ ဖြစ်တည်ရာ ဖြစ်သောကြောင့် ဘုံလည်း မည်၏။
အနညာတညဿာမီတိန္ဒြေ ၁
မသိဘူးသေးသော သစ္စာလေးပါး နိဗ္ဗာန်တရားကို သိအောင် ကျင့်အံ့ဟု အားထုတ်ခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အနညာတံ- မသိအပ်ဘူးသော သစ္စာ ၄-ပါးကို+ဉဿာမီတိ- သိအံ့-ဟု ဖြစ်သော...