အန္တရကပ်

by | Jun 9, 2022 | | 0 comments

အသင်္ချေယျတမ်းမှ တဖြည်းဖြည်းဆုတ်၍ (၁၀) နှစ်တမ်းတိုင်အောင်, (၁၀) နှစ်တမ်းမှ တရွေ့ရွေ့သက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ် တစ်စုံသည် ‘‘အန္တရကပ်’’ မည်၏၊ [အန္တရ=အသင်္ချေယျသက်တမ်းဟူသော အာယုကပ်နှစ်ခု၏ အကြားဖြစ်သော + ကပ္ပ= ကပ်။]

အပ္ပမာဏသုဘာ

အတိုင်းအရှည်ပမာဏမရှိ တင့်တယ်သော ကိုယ်ရောင်ရှိသော ဗြဟ္မာများသည် အပ္ပမာဏသုဘာမည်ကုန်၏။

အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အရဟတ္တမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အဝိဇ္ဇာယောဂ ၁

သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် အဝိဇ္ဇာယောဂ...

အသညသတ်

သညာ(စသော စိတ် စေတသိက်) မရှိသော်လည်း သတ္တဝါဖြစ်နေသော ဗြဟ္မာ၊ (အသည= စိတ်၊ စေတသိက်စသော သညာဟူသော နာမ်မရှိ+သတ္တ= သတ္တဝါလည်း...