အာရုံတစ်ခုခုကို အဖန်ဖန် အထပ်ထပ် အောက်မေ့ဆင်ခြင်တတ်သော သတိစေတသိက်ကို “အနုဿတိ”ဟု ခေါ်သည်။
အနာဂါမိမဂ်
အနာဂါမိမဂ်-ဟူသော ဝေါဟာရသည် န+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ န+အာဂါမီ- (ဤကာမဘုံသို့) ပြန်မလာတော့ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ကာမဘုံ၌ တက်မက်မှှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိသန္ဓေ...