အနိစ္စ

by | Jun 9, 2022 | | 0 comments

သင်္ခါရတရားတို့၏ မမြဲခြင်းသဘောလက္ခဏာ။

အနိစ္စာနုပဿနာ

သင်္ခါရတရားတို့ကို "အနိစ္စ, အနိစ္စ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " အနိစ္စာနုပဿနာ " ဟု ခေါ်သည်။

အညမညပစ္စယော

အချင်းချင်း ဖြစ်စေခြင်း,ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြု တတ်သော တရား။

အနိဒဿနရုပ်

စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို "အနိဒဿနရုပ်"ဟု ခေါ်သည်။

အန္တရကပ်

အသင်္ချေယျတမ်းမှ တဖြည်းဖြည်းဆုတ်၍ (၁၀) နှစ်တမ်းတိုင်အောင်, (၁၀) နှစ်တမ်းမှ တရွေ့ရွေ့သက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ် တစ်စုံသည် ‘‘အန္တရကပ်’’ မည်၏၊ [အန္တရ=အသင်္ချေယျသက်တမ်းဟူသော အာယုကပ်နှစ်ခု၏ အကြားဖြစ်သော + ကပ္ပ=...