အနာဂါမိမဂ်

by | Jun 9, 2022 | | 0 comments

အနာဂါမိမဂ်-ဟူသော ဝေါဟာရသည် န+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ န+အာဂါမီ- (ဤကာမဘုံသို့) ပြန်မလာတော့ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ကာမဘုံ၌ တက်မက်မှှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိသန္ဓေ မနေလာတော့ပြီ၊ ရဟန္တာ မဖြစ်လျှင် ဗြဟ္မာ့ပြည်သို့သာ မုချရောက်ရတော့သည်၊ သို့ဖြစ်၍ ဤမဂ်သည် ဤကာမဘုံသို့ ပြန်မလာတော့ကြောင်း ဖြစ်၏။ ထို့ကြောင့် ဤမဂ်ကို အနာဂါမိမဂ်-ဟု ခေါ်သည်။

အဒ္ဓါသမ္မသနနည်း

အတိတ်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာ, ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာစသည်ဖြင့် ဘဝခွဲခြား၍ သုံးသပ်ခြင်း။